Thursday, February 26, 2009

ကြာရင်ရူးမယ် နဲ့ ကျော်ဘလီဟတ်အားကုဒီဆိနိ

 

နေ့နေ့ညည

သတိတွေရ

သူ့အကြောင်းတွေး

ရင်မှာလေး

မြင့်လွန်းတဲ့ပန်း

လှမ်းမိလေသလား

ဝေခွဲမရ

နောင်တလဲမရပါ

ဒါပေမဲ့လေ

လမ်းလေးကတော့

ဝေဝါးဆဲပါ။

 

မပြောခင်က

ရင်မှာဆွေး

ပြောမိပြန်တော့

ရင်မှာမအေး

ဝေးရမှာ

စိုးကြောက်ပါတယ်။

 

လှမ်းလာခဲ့ပါ

ချစ်သူမေ

ဝေးတစ်နေရာမှာ

တစ်ဦးတည်း

အဖေါ်မရှာ

မျှော်လင့်တမ်းတ

လွမ်းရတဲ့စက္ကန့်လေးတွေ

ကျေလွင့်ပေါင်းလည်း

များလှပါပြီ။

 

ဘာဖြစ်လို့ချစ်မိ

ကျွန်တော်မသိပါ

အခုတော့လေ

ကြာရင်ရူးပါမယ်။

 

မှတ်ချက်။ ။ (ကျော်ဘလီဟတ်အားကုဒီဆိနိ) အင်ဒိုစကားပါ၊ တစ်နေရာမှာ စောင့်နေရတဲ့သူက ချစ်သူကို ကြိုးစားပြီး ကြည့်လှဲ့ပါဦးလို့ ပြောတာပါ။